မြောင်းမြမြို့ အ.ထ.က (၇) ကွယ်လွယ်ကျောင်း‌၌ လူငယ်စကားဝိုင်းနှင့် ဟော‌ပြောပွဲ ကျင်းပ

မြောင်းမြ ဒီဇင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ အ.ထ.က(၇) ကွယ်လွယ်‌ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန် ပြည့်စုံစေရေး၊ အသိပညာ ဗဟုသုတ တိုးပွားစေရေး၊ နှုတ်မှုစွမ်းရည် ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာ စကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က (၇) ကွယ်လွယ်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာရီက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်လင်းပြောကြားခဲ့ပြီး "စာဖတ်ခြင်း၏ အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ခင်ဝေဝေမြင့်က ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်၍ အ.ထ.က (၇) ကွယ်လွယ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြသော Grade 11
ကျောင်းသားကျောင်းသူများဖြစ်ကြသော မောင်စန်းယုစံက "လူငယ်နှင့်စာရိတ္တ"၊  မရွှေရည်မွန်ဇော်က "လူငယ်နှင့်မျိုးချစ်စိတ်"၊
 မောင်ထက်မြ
က်သူက "လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး"၊ မချစ်စုရွှေရည်လင်းက "လူငယ်နှင့်အားကစား" ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ပြီး မြို့နယ်‌အားကစားမှူး ဦးစိုင်းဝေလင်း‌နောင် ဖြည့်စွက်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲများအပြီးတွင် မြို့နယ်အားကစားမှူး ဦးစိုင်းဝေလင်းနောင်က နိဂုံးချုပ် အမှာစကား‌ ပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ် စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)