တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃) သို့တက်ရောက်

ထားဝယ် ဒီဇင်ဘာ

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (/၂၀၂၃)ကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံတော်၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုကိစ္စရပ်များ၊ တိုင်းဒေသကြီး၏ စီးပွားရေး ဖွံဖြိုးတိုးတက်မှုများအပေါ် မူတည်ပြီး တိုင်းဒေသကြီးအတွင်းမှာရှိသော စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးကြ ရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်းမှာရှိသော စီးပွားရေးလုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် United K.M.K Co.,Ltd. က ကွင်းအမှတ် (၁-OSS)၊ ဒုံးကြေးတိုင်ပြင်ကွင်း၊ ရေမြစ်ကြီးကျေးရွာအုပ်စု၊ ကျွန်းစုမြို့နယ်၊ မြိတ်ခရိုင်ရှိ မြေဧရိယာ (၁၂) ဧကတွင် ဟိုတယ်နှင့် ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းများအားလည်းကောင်း၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ ကွင်းအမှတ် (၁၈/OSS)၊ အမြားကြေးတိုင်ပြင်ကွင်း၊ အမြား ကျေးရွာအုပ်စု၊ ထားဝယ်မြို့၊ ထားဝယ်ခရိုင်၊ တိုင်းဒေသကြီးရှိ မြေဧရိယာ စုစုပေါင်း ၁၀ ဧကတွင် ဟိုတယ်နှင့် ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေသော Kento Trading Co., Ltd. က တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများနှင့် ကော်မတီဝင်များက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များအပေါ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)