သတင်းများ

လားရှိုးမြို့တွင် ဝါးဖြင့်ပြုလုပ်သည့် ဝါးထိုင်ခုံများကို မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းအဖြစ်လုပ်ကိုင်
Dec 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဝါးဖြင့်ပြုလုပ်သည့် ဝါးလက်မှုရိုးရာ ထိုင်ခုံများကို မိသားစုစီးပွားရေးအဖြစ် တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြကြောင်း သိရသည်။
ပေါင်းတည်၌ ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့် ရှေးဦးပြုစုခြင်းအကြောင်း ဟောပြော
Dec 09,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့် ရှေးဦးပြုစုခြင်းအကြောင်း ဟောပြောပွဲ ကို ယမန်နေ့ မွန်းလွဲပိုင်းက အ.ထ.က (မြို့မ) တွင် ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ်၏ (၂၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင် ဘွဲရမောင်/မယ်များအား ဩဝါဒစကား မြွက်ကြား
Dec 09,2023
မကွေးတက္ကသိုလ်၏ (၂၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဒီဇင်ဘာလ (၁)ရက်နေ့မှ စတင်၍ မကွေးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပလျက်ရှိပြီး မကွေးတက္ကသိုလ်၏ (၂၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင် ဘွဲရမောင်/မယ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဩဝါဒစကား မြွက်ကြားခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မကွေးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေး တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ နှင့် ဆရာ၊ ဆရာမများ၊ ဘွဲ့ရမောင်မယ်များ တက်ရောက်ခဲ့ကြသည်။
လယ်ဝေးမြို့နယ်၊ မြို့မအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပ
Dec 09,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့မ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပသည်။
ပြင်ဦးလွင်မြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 09,2023
 မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့တွင်  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက   အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရေငယ်ရှိ ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊   စာရေးဆရာများ၊  ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် (ဒုတိယအပတ်) စုပေါင်းလမ်းလျှောက်ပွဲများကျင်းပ
Dec 09,2023
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့ နံနက် ၆ နာရီအချိန်က တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့များတွင် သက်ဆိုင်ရာစုရပ်များတွင် ကျင်းပလျက်ရှိသည်။
ဆေးခန်းကြီးကြပ်ရေးကော်မတီအဖွဲ့၏ ပထမအကြိမ်မြောက် အစည်းအဝေး ကျင်းပ
Dec 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ မြို့မ(၁)ရပ်ကွက်၊ ကျောင်းတောင်ရပ် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် အပတ်စဉ် စနေနေ့တိုင်း ဆေးခန်းဖွင့်လှစ်၍ အဘိုး/အဘွား များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါးကုသပေးခြင်းနှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေး ခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ အုပ်ချုပ်/ထောက်ပံ့ဆိုင်ရာကိစ္စရပ်များ စနစ်တကျဖြစ်စေ ရန်အတွက် ဆေးခန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
တောင်သာမြို့ သက်တန့်ရောင်စဉ် ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 09,2023
တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ  အသိပညာပေး ဟောပြောပွဲကို  ယမန်နေ့ နံနက်  (၉)နာရီ အချိန်က  မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။