သံတွဲမြို့၌အမျိုးသမီးများအကြမ်းဖက်မှုဆန့်ကျင်သည့်(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကျင်းပ

သံတွဲ ဒီဇင်ဘာ ၉

သံတွဲမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများ အကြမ်းဖက်မှု ဆန့်ကျင်သည့် (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက သံတွဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သံတွဲမြို့နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌကိုယ်စား ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းလတ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စိုးမြတ်သန္တာက ကျား၊ မ အခြေပြုအကြမ်းဖက်မှု၊ အကြမ်းဖက်မှုအမျိုးအစားများ၊ အများဆုံး ဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများ၊ အကြမ်းဖက်မှုဖြစ်ပွားရသည့် အကြောင်းရင်းများ၊ အကြမ်းဖက်မှု အကျိုးဆက်များ၊ ကျား၊ မ အကြမ်းဖက်မှုဖြစ်ပွားပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ကျား၊ မအခြေပြု အကြမ်းဖက်မှုများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ဆောင်မှု ပေးနေမှုများ၊ နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ (ဖဲကြိုးဖြူနေ့) ဖြစ်ပေါ်လာပုံ၊  ၂၀၂၃ ခုနှစ် အမျိုးသမီများ အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဆောင်ပုဒ်အကြောင်း သိကောင်းစရာများနှင့် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိကို  အမျိုးသမီးများ  အကြမ်းဖက်မှု ဆန့်ကျင်သည့် (၁၆)ရက်တာလှုပ်ရှားမှု အဖြစ် ဆောင်ရွက်နေမှုတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်