ကော့မှူးမြို့နယ်တွင် ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ
Apr 17,2026
၁၃၈၇ ခုနှစ် နှစ်သစ်အခါသမယ ယနေ့သည် မြန်မာတို့၏ အထွတ်အမြတ်ထားရာ မြန်မာ့နှစ်ဆန်း တစ်ရက်နေ့ဖြစ်သည်နှင့်အညီ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့မရပ်ကွက်ဖလေးချောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။