မော်လမြိုင်ကျွန်းမြို့နယ်၌ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း ဧပြီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) အချိန်က အမှတ် (၆) ရပ်ကွက်၊ စိန်ပန်းပတ်လမ်းရှိ သမ္မာသမ္ဗုဒ္ဓမြို့ဦးစေတီတော် အရှေ့ဘက်ရှိတုံးလှဲချောင်းမြစ်တွင်းသို့ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်လှိုင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းရည်စိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များက ငါးမြစ်ချင်းအကောင်ရေ (၂၀၀၀၀) အား မြို့ဦးစေတီတော်ရှိ တုံးလှဲချောင်းမြစ်အတွင်းသို့ ဇီဝိတဒါန ငါးလွှတ်စုပေါင်းကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)