ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ နှစ်ဆန်းတစ်ရက်နေ့တွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကား

ဇလွန် ဧပြီ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ နှစ်ဆန်းတစ်ရက်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးလာပြည်သူများ ပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူပူဇော်သူများ၊ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများဖြင့် ယနေ့နံနက်ပိုင်းတွင် စည်ကားလျက်ရှိသည်။

နှစ်ဆန်းတစ်ရက်နေ့တွင်  ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီးနှင့် မြို့နယ်အတွင်းရှိ ဘုရားစေတီများ၊ ဘုန်ကြီးကျောင်းများတွင် ဥပုသ်သီလဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများနှင့် အထူးစည်ကားလျက်ရှိပြီး ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီးနှင့် မြို့နယ်အတွင်းရှိ ဘုရားများ၊ ဘုန်ကြီးကျောင်းများ၌ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာရောက်ကြသူများသည် ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ ပန်း၊ ဆီမီး၊ ရေချမ်း၊ ကပ်လှူပူဇော်ခြင်းစသည့် ကုသိုလ်ပြုမှုများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)