ဆီဆိုင်မြို့၌ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Apr 17,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ နှစ်သစ်ကူးမင်္ဂလာပွဲအဖြစ် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၅ နာရီခွဲက ဇဝနာရာမစာသင်ကျောင်းတိုက်မှ မြို့မဈေးတစ်ပတ်လှည့်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။