ကော့မှူး ဧပြီ ၁၇
၁၃၈၇ ခုနှစ် နှစ်သစ်အခါသမယ ယနေ့သည် မြန်မာတို့၏ အထွတ်အမြတ်ထားရာ မြန်မာ့နှစ်ဆန်း တစ်ရက်နေ့ဖြစ်သည်နှင့်အညီ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့မရပ်ကွက်ဖလေးချောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဇီဝိတဒါနငါးလွှတ်ပွဲသို့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးသန်း၊ အင်းစိန်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များစုပေါင်း၍ ငါးကောင်ရေ (၁၀၀၀၀) ကို ဖလေးချောင်းအတွင်းသို့ ဇီဝိတဒါနငါးများလွှတ်ပေးခဲ့ကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)