မော်လမြိုင်ကျွန်း ဧပြီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၁၃၈၈ ခုနှစ် မြန်မာနှစ် ဆန်းတစ်ရက်နေ့ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ယနေ့နံနက် (၁၀) နာရီခန့်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပူဇော်ခံကြွရောက်လာကြသည့် သက်ကြီးဘိုးဘွား (၂၅) ဦးအား ကန်တော့ကျိုးဖြင့် ပူဇော်ကန်တော့ကြပြီးအလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်လှိုင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့များ၊ အမျိုးသမီးရေးအဖွဲ့ဝင်များက လှူဒါန်းခဲ့ကြပြီးနောက် ဘိုးဘွားများကိုယ်စား ဘိုးဘွားတစ်ဦးမှလည်း နှစ်သစ်ဆုတောင်းစကားပြောကြား၍ ဆုတောင်းမေတ္တာများ ပြန်လည်ပို့သပေးခဲ့ပြီး တက်ရောက်လာသူများမှ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ ဆက်)