သတင်းများ

မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ကြိုဆို
Apr 16,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ အောင်ပွဲရ ပြင်ဦးလွင်-နောင်ချိုဒေသ ရှေ့တန်းပြန်တပ်မတော်သားများ ကြိုဆိုပွဲကို ဧပြီ ၁၆ ရက် နံနက် ၁၀ နာရီခွဲက ပြုလုပ်သည်။
ပြည်မြို့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပိတ်သိမ်းပွဲနှင့် ယိမ်းအဖွဲ့များအား ဆုချီးမြှင့်
Apr 16,2026
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပိတ်သိမ်းပွဲနှင့် ယိမ်းအဖွဲ့များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မဟာသင်္ကြန်အတက်နေ့ ညနေပိုင်းက မြို့အလယ်ဗိုလ်ချုပ်ကျောက်ရုပ်အနီး ဗဟိုမဏ္ဍပ်၌ကျင်းပရာ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက နှစ်သစ်မင်္ဂလာဆုတောင်းစကားပြောကြားသည်။
ကျောက်မဲမြို့၌ မြန်မာ့ရိုးရာမဟာအတာသင်္ကြန် ပိတ်ပွဲအခမ်းအနား ကျင်းပ
Apr 16,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့တွင် မြန်မာ့ရိုးရာ မဟာအတာသင်္ကြန် ပိတ်ပွဲအခမ်းအနားကို ယနေ့ ညနေ ၆ နာရီတွင် မြို့ကျက်သရေဆောင်ခန်းမရှေ့ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ရန်ကုန်မြို့ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ  သင်္ကြန်မဏ္ဍပ်များတွင် ပြည်သူများ စည်ကား
Apr 16,2026
ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် ရခိုင်တိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းနှင့်ဇနီးတို့သည် ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ၌ ၁၃၈၇ ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန် မဏ္ဍပ်များတွင် တိုင်းရင်းသားစာပေယဉ်ကျေးမှု အဖွဲ့များမှ တာဝန်ရှိသူများ၊ ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲကြသည်။
ညောင်ရွှေမြို့နယ် ၂၀၂၆ ခုနှစ် အင်းလေးရေပေါ်မဟာသင်္ကြန် ပိတ်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပပြီးစီး
Apr 16,2026
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အင်းလေးရေပေါ်သင်္ကြန် ပိတ်ပွဲအခမ်းအနားကို ဧပြီ ၁၆ ရက် (မဟာသင်္ကြန်အတက်နေ့) ညနေပိုင်းက အင်းလေးဒေသ မိုင်းသောက်ကျေးရွာအနီးရေပြင်ရှိ ရေလယ်ဧည့်ခန်းမ(အင်းလယ်ဗိုလ်တဲ) ရေကစားမဏ္ဍပ်၌ ကျင်းပကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်၌  မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်  ပိတ်ပွဲအခမ်းအနားကျင်းပ
Apr 16,2026
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်  ပိတ်ပွဲအခမ်းအနားကို ဧပြီ ၁၆ ရက် ညနေ  ၆ နာရီက  နန်း​တော်ကုန်းရပ်ကွက် ဆည်မြောင်းရှင်းလင်းဆောင်အနီး မိတ္ထိလာမြောက်ကန်ပေါင် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ကျင်းပသည်။
မတ္တရာမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ယိမ်းအကပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Apr 16,2026
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် ယိမ်းအကပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ညနေ ၅နာရီက ကျင်းပသည်။
ရွှေဘိုမြို့၌ ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကျင်းပ
Apr 16,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် (အတက်နေ့) ညနေ (၄)နာရီအချိန်က ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကို ရန်ကြီးအောင်ပန်းခြံရှေ့ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။