ရမည်းသင်း ဧပြီ ၁၇
ရမည်းသင်းမြို့၊ အကျဉ်းဦးစီးဌာန၊ ရမည်းသင်းအကျဉ်းထောင်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၁၇-၄-၂၀၂၆ ရက်နေ့အမိန့်အမှတ်၊ ၄၀/၂၀၂၆ အရ အောင်မင်္ဂလာရပ်ကွက်ရှိ ရမည်းသင်းအကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားနှင့် အကျဉ်းသူတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မင်းဟန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေသိန်း၊ ရမည်းသင်းအကျဥ်းထောင်တာဝန်ခံအရာရှိ ဦးစိုးသီဟနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အမိန့်ကိုဖတ်ကြားကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဥ်းသား၊ အကျဉ်းသူများအား ဆုံးမဩဝါဒစကား ပြောကြားခဲ့သည်။ ထို့နောက်တာဝန်ရှိသူများက လွတ်မြောက်ခွင့်ရရှိသူများကို ခရီးစရိတ်၊ ခံစားခွင့်တို့ကိုထုတ်ပေးရာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဥ်းသား၊ အကျဉ်းသူတို့မှ လက်ခံရယူခဲ့ကြသည်။ ရမည်းသင်းအကျဥ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့်လွတ်မြောက်သည့် အကျဥ်းသား ၁၀၃ ဦး၊ အကျဥ်းသူ ၃၁ ဦး၊ စုစုပေါင်း ၁၃၄ ဦးဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)