မိတ္ထီလာ ဧပြီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ အကျဉ်းသား၊ အကျဉ်းသူ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က နန်းတော်ကုန်းရပ်ကွက် မိတ္ထီလာအကျဉ်းထောင်ရှိ ဧည့်ရိပ်သာတွင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းကို မိတ္ထီလာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် တာဝန်ရှိသူများက ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့်လွတ်မြောက်သည့် အကျဉ်းသား၊ အကျဉ်းသူများအား ဆုံးမသြဝါဒပြောကြားခဲ့ပြီး အကျဉ်းသား၊ အကျဉ်းသူများအား ထောင်လွတ်လက်မှတ်များ ပေးအပ်ခဲ့သည်။ ၎င်းနောက် မိတ္ထီလာအကျဉ်းထောင်မှ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၄၀/၂၀၂၆) ၊ ကျင့် ၄၀၁ (၁)အရ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား ၂၉ ဦး အကျဉ်းသူ ၅ ဦး စုစုပေါင်း ၃၄ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)