သတင်းများ

ရေနံချောင်းမြို့ အ.ထ.က(၂)ကျောင်း၌ အမျိုးသားယဉ်ကျေးမှု၊ အမျိုးသမီးများနှင့် သက်ဆိုင်သောအခွင့်အရေးနှင့် ကာကွယ်ရေးဥပဒေများအကြောင်း အသိပညာပေးဟောပြော
Dec 11,2023
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ အမျိုးသမီးများနှင့်သက်ဆိုင်သော အခွင့်အရေးများနှင့် ကာကွယ်ရေးဥပဒေများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
မိုင်းဆတ်မြို့နယ် အ.မ.က(ဟိုနား)ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်း ဆောင်ရွက်
Dec 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၁)နာရီက အ.မ.က(ဟိုနား) ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေဖြင့် ဒုတိယအကြိမ်ထုတ်ချေးပေး
Dec 11,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်းစီးပွားရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွာမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေ ၄၁ ဒသမ ၄၉ ကျပ်သန်းကို ဒုတိယအကြိမ်အဖြစ် ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထုတ်ချေးပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေး
Dec 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့်အတွက် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှိ အားကစားကွင်းတွင် ဆက်လက်ပြုလုပ်ခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ဈေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးစစ်ဆေးခြင်းများ ဆောင်ရွက်
Dec 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်၊ မင်္ဂလာမွန်စျေး၊ ရွှေမင်္ဂလာစျေး၊ မင်္ဂလာစျေးသစ်၊ ရွှေပြည့်စုံစျေးတို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်းတို့ကို ယနေ့နံနက် (၁၀:၃၀)နာရီတွင် လိုက်လံစစ်ဆေးမှု ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
မိုင်းဆတ်မြို့နယ် အ.မ.က(ဝိန်းဝိုင်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Dec 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်နှင့် ဝန်ထမ်းများသည် ယနေ့နံနက်(၉)နာရီအချိန်က အ.မ.က(ဝိန်းဝိုင်)ကျောင်းသို့ ကွင်းဆင်းကာ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်၊ ဝိသုဒ္ဓိမဂ္ဂ်စာ‌မေးပွဲ ကျင်းပ
Dec 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့မှ ကြီးမှူး၍ သာသနာတော်ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်၊ ဝိသုဒ္ဓိမဂ္ဂ် စာ‌မေးပွဲ တတိယနေ့ကို ယနေ့နံနက် ၉ နာရီက (၃၈)ရပ်ကွက် မင်္ဂလာအေးကျောင်းတိုက်ရှိ သဗ္ဗမင်္ဂလကျောင်းတော်ကြီးတွင် ကျင်းပ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘောဂလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်
Dec 11,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။