ရွာငံမြို့နယ်၌ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာများ ဆွေးနွေး

ရွာငံ ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများ မြင့်မားလာစေရန် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ဆွေးနွေး ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။  

ဆွေးနွေးပွဲတွင် ရွာငံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးကျော်မျိုးသန့်က  ကော်ဖီသီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ အစုအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ကော်ဖီစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချမှုဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြသည်။

ရွာငံမြို့နယ်သည် ကော်ဖီသီးနှံကို အဓိကသီးနှံအဖြစ် အားထားစိုက်ပျိုးကြရာ ၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီအထိ ကော်ဖီစိုက်ဧက ၇၁၇၈ အထိ စိုက်ပျိုးလာကြပြီး ပြည်တွင်းပြည်ပ ဝယ်လိုအားများပြီး ဝယ်ယူလိုသော ထုတ်ကုန်ပုံစံအမျိုးမျိုးအလိုက် တင်ပို့ရောင်းချလျှက်ရှိကြသည်။ ရွာငံမြို့နယ်တွင် ကော်ဖီလုပ်ငန်းစုအလိုက် ပုဂ္ဂလိကလုပ်ငန်းရှင်များက တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ် သည့် ကော်ဖီမှုန်၊ ကော်ဖီ (2+1) အစရှိသော ထုတ်လုပ်မှုပုံစံမျိုးစုံဖြင့်လည်း ရောင်းချလျှက်ရှိသည်။ ကော်ဖီသီးနှံသည် ဈေးကွက်အလားလာကောင်းပြီး တန်ဖိုးမြှင့်သီးနှံဖြစ်သောကြောင့် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်