မှော်ဘီ ဒီဇင်ဘာ ၁၃
(၇၆)နှစ်မြောက် လွပ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုနှစ်၊ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေဆောင်ရွက်ခဲ့သည့် အမှတ်(၂)ရပ်ကွက် ဒွန်းတပဲ့တာလမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မှော်ဘီမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးခင်ဦးမှ ကွန်ကရစ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးနွဲ့လှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်း၊ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးမြင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးခင်ဦးတို့မှ ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်လမ်းအား ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ ကျေးရွာကွန်ကရစ်လမ်းသည် လမ်းအရှည်(၄၉၀)ပေ၊ အကျယ် (၁၈)ပေနှင့် (၉)လက်မထုရှိကာ (၂၀၂၃-၂၀၂၄)ခုနှစ်၊ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် (၄၆.၅၆၀)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ရွှေမော်တင်ဘုရားအားပတ်လမ်းအနေဖြင့် သွားလာ၍ ဘုရားဖူးလာယာဉ်များအတွက်လည်းကောင်း၊ ရပ်ကွက်နေပြည်သူများသွားလာမှု မြန်ဆန်လွယ်ကူအကျိုးပြုနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ကျေးရွာကွန်ကရစ်လမ်းဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးမြင့်နိုင်၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ဝေမိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၄၄၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)