စေတုတ္တမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

စေတုတ္တရာ ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာ‌ရေးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်ကယခု  အစည်းအဝေးကျင်းပပြုလုပ်ရခြင်းမှာ မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြသွားကြရန်၊ မိမိတို့ရပ်ကွက်/ကျေးရွာအတွက် လုံခြုံရေးအသိ၊ သတိပြုကြရန်နှင့် ရပ်ရွာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ရပ်ကျေးစာရေးများ အနေဖြင့်လည်း အခက်အခဲများ လုပ်ငန်းလိုအပ်ချက်များ ရှိပါကလည်း တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဒေသဖွံ့ဖြိုးစီးပွားရေး၊ လူမှုရေးနှင့်နိုင်ငံ့စီးပွားမြှင့်တင်ရေး အကြောင်းအရာများဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အစည်းအဝေးနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်ပြောကြားပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်အောင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများက သိရှိလိုသည့် အချက်အလက်များကို မေးမြန်းပြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)