ချောင်းဆုံမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး
Dec 13,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ မိုးစပါးရိတ်သိမ်းပြီးစီး၍ နေကြာ၊ ပဲစသည့် ဆောင်းသီးနှံစိုက်ပျိုးကြမည့် တောင်သူများအနေဖြင့် အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြိုနယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ စိုက်ပျိုးစရိတ်ချေးငွေများကို ဒီဇင်ဘာလပထမအပတ်မှစ၍ ထုတ်ပေးလျက်ရှိရာ ဒီဇင်ဘာ(၁၃)ရက်နေ့တွင် ကျေးရွာ(၄)မှ တောင်သူ(၅၃)ဦးအား ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေကျပ်(၂၉၂)သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။