ငွေဆောင်မြို့ဌာနဆိုင်ရာများမှ မြို့အတွင်းစည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုမရှိစေရေး ဆိုင်းဘုတ်ချိတ်ကပ်ခြင်းနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်

ငွေဆောင် ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယ​နေ့နံနက်(၉း၀၀) နာရီက မြို့အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စုပေါင်းအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေးအတွက် အမှိုက်မပစ်ရ ဆိုင်းဘုတ်ချိတ်ကပ်​ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်၏ ဦးဆောင်မှုဖြင့် မြို့အဆင့် ဌာနဆိုင်ရာများ၊ မြို့စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ Oritenal Highway မှ အဖွဲ့များမှ စုစုပေါင်း အင်အား (၃၀)ဦးခန့်ဖြင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် အမှတ်(၂) ရပ်ကွက်၊ မြို့ဝင်လမ်းနှင့် မြို့ပတ်လမ်းဆုံမှ မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်အထိ ပလတ်စတစ် အမှိုက်ကောက်ခြင်း၊ မြက်ရှင်းခြင်း၊ သစ်ကိုင်းခြောက်များ ရှင်းလင်းဖယ်ရှားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြို့အတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မပြုလုပ်ကြစေရန်အတွက် လူစည်ကားရာ အမှတ် (၃) ရပ်ကွက်၊ ယာဥ်ရပ်နားရာနေရာ ( Bus Stop) ရှေ့တွင် စည်ကမ်းမဲ့ အမှိုက်မပစ်ရ ဆိုင်းဘုတ်ချိတ်ကပ်ခြင်းနှင့် စနစ်တကျ အမှိုက်စွန့်ပစ်စေရေးအတွက် အမှိုက်ပုံးထားရှိခြင်းတို့အား ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်