ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ ကူမဲ၊ ပလိပ်မြို့များတွင် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ကျောက်ဆည် ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း နေထိုင်ကြသော ပြည်သူများ စားသုံးဆီ အခက်အခဲ မရှိစေရေး ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှိအသင်းမှ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ ကူမဲ၊ ပလိပ် မြို့များတွင်  ယနေ့နံနက်ပိုင်းက စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

စားအုန်းဆီများ ရောင်းချရာ၌ ကျောက်ဆည်မြို့တွင် အမေထွား၊ အာကာကျော်၊ ဂျူးဂျူး၊ မီဇာန်၊ ဝင်းရတနာ၊ နေလသုခ စားသုံးဆီအရောင်းဆိုင်များမှ အေးမြကြည်လင်ဈေး၊ မြို့မဈေး၊ ဆူလေကုန်းကျေးရွာနှင့် ပတ္တာကျေးရွာများတွင်လည်းကောင်း၊ စဉ့်ကိုင်မြို့နယ်တွင် အောင်စိုးမိုး၊ ဒေါ်လာဆီ အရောင်းဆိုင်များမှ စဉ့်ကိုင်မြို့မဈေးနှင့် ရန်ကုန်-မန္တလေးကားလမ်း အုန်းပင်ခြံလမ်းခွဲတွင် လည်းကောင်း၊ ကျော်ကျော်ဝင်း၊ စစ်မှန်စားသုံးဆီ အရောင်းဆိုင်များမှ ပလိပ်ဈေးတိုက်တန်းတွင် လည်းကောင်း၊ ကူမဲမြို့တွင် ဖိုးကံကောင်း၊ ရှယ်လီဌေး၊ ငွေကလပ်၊ ရတနာဌေးသစ္စာ စားသုံးဆီ အရောင်းများမှ ကူမဲဈေးနှင့် အေးသာယာဈေးများတွင် စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် (၅၃၅၅)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း  ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

သက်မောင်(ကျောက်ဆည်)