တံတားဦးမြို့နယ် အ.မ.က(မူလွန်) ဆင်ကျုံး ပင်မဆောင်တွင် လူငယ်ရေးပညာပေး ဟောပြောပွဲ ကျင်းပ

တံတားဦး ဒီဇင်ဘာ ၁၃

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာ ပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီက ဆင်ကျုံး ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း ပင်မဆောင်တွင် ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ဆင်ကျုံး အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကျော်သူဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဦးဘိုမောင်က လူငယ်နှင့်ရည်မှန်းချက် ပြောကြားရာတွင် ကျောင်းသား/သူများအနေအဖြင့် ပညာကိုကြိုးစား သင်ယူစေလိုကြောင်း၊ သို့မှသာ မိမိတို့ ရည်မှန်းသည့် ပန်းတိုင်ရောက်ရှိမည်ဖြစ်ကြောင်း ပြောကြားသည် ။ 

ဆက်လက်၍ မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဦးသက်ဖြိုးအောင်က “ လူငယ်နှင့်ဥပဒေ “ခေါင်စဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိဖြူဖြူနှင့်းက “သဘာဝဘေးနှင့် ပတ်သတ်သည့် “ အကြောင်းအရာများကိုလည်းကောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ငယ်သူထွန်းက “ အားစားနှင့် လူငယ် “ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက မိမိတို့ သိရှိလိုသည့် အကြောင်းအရာများကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက အသိးသီးပြန်လည်ဖြေကြားပေးကြသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များနှင့် ပတ်သက်သည့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျောင်သား/သူများ ၊ ဆရာ/မများက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ရဲတင့်( ပြန်/ဆက်)