ဖျာပုံ ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့သန့်ရှင်းသာယာလှပစေရေး ပလတ်စတစ် Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က ဖျာပုံမြို့အဝင် မြို့ဝင်မြို့ထွက် နေရာများ၌ ပြုလုပ်ကြသည်။
အဆိုပါ မြို့သန့်ရှင်းသာယာလှပစေရေး ပလတ်စတစ် Campaign ပြုလုပ်ရာတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ မြို့ဝင်၊ မြို့ထွက်နေရာများဖြစ်သော ချောင်းတွင်းကျေးရွာ ဖျာပုံ-ကျိုက်လတ် ကားလမ်းမကြီးဘေး၊ ကျုံကူကျေးရွာ ဖျာပုံ-ဘိုကလေး ကားလမ်းမကြီးဘေးနှင့် ဖျာပုံ-အမာ ကားလမ်းဘေးတို့တွင် စုရပ် (၃)နေရာခွဲ၍ လမ်းဘေး ဝဲ၊ ယာရှိ ပလပ်စတစ် အမှိုက်များအား လိုက်လံရှင်းလင်းပြီး၊ စည်ပင်သာယာရေးအဖွဲ့ပိုင် ကားဖြင့် လိုက်လံ သိမ်းဆည်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)