ဓနုဖြူ ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမတွင် အိမ်တွင်းမှု အချက်အပြုတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများအချင်းချင်း ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး၊ အဆိုပါပြိုင်ပွဲတွင် အ.ထ.က(၂)ဓနုဖြူမှ ကျောင်းသားများက မာလာရှမ်းကော ချက်ပြုတ်ခြင်းကို ကျောင်းသား(၅)ဦးစီဖြင့် ချက်ပြုတ်ချိန် (၄၅)မိနစ် သတ်မှတ်ကာ အဖွဲ့(၄)ဖွဲ့ ပါဝင်ချက်ပြုတ်ခဲ့ပြီး၊ ကျောင်းသူများက ဆူရှီ (ရေညှိထမင်းလိပ်) ချက်ပြုတ်ခြင်းကို ကျောင်းသူ (၅)ဦးစီဖြင့် ချက်ပြုတ်ချိန် (၇၀)မိနစ် သတ်မှတ်ကာ အဖွဲ့(၅)ဖွဲ့ ပါဝင်ချက်ပြုတ်ယှဥ်ပြိုင်ခဲ့ကြရာ ကျောင်းအုပ်ဆရာမကြီးနှင့် အကဲဖြတ်ဒိုင်များမှ အကဲဖြတ်အမှတ်ပေးကာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများအား ကြေငြာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)