ဖျာပုံမြို့နယ်တွင်ဆောင်းသီးနှံနေကြာမျိုးစေ့နှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် မျိုးစေ့စိုက်ပျိုးပွဲကျင်းပ

ဖျာပုံ  ဒီဇင်ဘာ   ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အောက္ကဘာကျေးရွာအုပ်စု၊ ကံဆိပ်ကျေးရွာ၊ တောင်သူ ဦးအေးကို၏ ဦးပိုင်အမှတ်(၁၁)၊ ကွင်းအမှတ် (၅၅၄- က)၊ လယ်မြေဧက (၂၀)ဧကတွင် ၂၀၂၃- ၂၀၂၄ ခုနှစ် စီမံကိန်းဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုး ထုတ်လုပ်မှုတိုး တက်မြင့်မားရေးအတွက် ဆီထွက်သီးနှံနေကြာစိုက်ဧက ပြည့်မီရေးနှင့် အထွက်နှုန်းတိုးတက်ရေး ဆောင်းနေကြာမျိုးစေ့နှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေး အပ်ပွဲနှင့်မျိုးစေ့စိုက်ပျိုးပွဲကို ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက် (၉)နာရီအချိန်က  အဆိုပါကျေးရွာရှိတောင်သူ၏လယ်မြေတွင်ပြုလုပ်ကြသည်။

အဆိုပါဆောင်းသီးနှံနေကြာမျိုးစေ့နှင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် မျိုးစေ့စိုက်ပျိုးပွဲသို့ ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးမောင်၊ ခရိုင်စိုက်ပျိုး ထုတ်လုပ်မှုတိုတက်မြင့်မားရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်နှင့်တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဥမ္မာအေးနှင့်ဝန်ထမ်းများ၊ အောက္ကဘာကျေးရွာအုပ်စု၊ ကံဆိပ်ကျေးရွာရှိ တောင်သူများတက်ရောက်ကြပြီး၊ ခရိုင်/မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့် မားရေးကြီး ကြပ်မှုကော်မတီမှတာဝန်ရှိသူများက ဆောင်းသီးနှံနေကြာမျိုးစေ့နှင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့များပေးအပ်ကြရာ၊ အောက္ကဘာကျေးရွာအုပ်စု၊ ကံဆိပ်ကျေးရွာရှိ တောင်သူများက လက်ခံရယူကြသည်။ ထို့နောက် အရည်အသွေးမြင့် နေကြာစပ်မျိုး (SUPER. SUN-41) မျိုးစေ့နှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့များအား ကံဆိပ်ကျေးရွာ၊တောင်သူ ဦးအေးကို၏ ဦးပိုင်အမှတ်(၁၁)၊ ကွင်းအမှတ် (၅၅၄- က)၊ လယ်မြေတွင် အရည်အသွေးမြင့် နေကြာစပ်မျိုး (SUPER. SUN-41) (၁၀)ဧကနှင့် သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) မျိုး(၁၀)ဧက၊ စုစုပေါင်းလယ်မြေဧက (၂၀)ပေါ်တွင် စိုက်ပျိုးကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် နွေစပါးစိုက်ပျိုးဧက (၉၀၅၆၆)ဧကနှင့် ဆောင်းနေ ကြာ (၅၇၄)ဧက၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ထုတ် (၁၆၀၀)ဧက စိုက်ပျိုးသွား မည်ဖြစ်ကြောင်း၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)