သတင်းများ

ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားသောက်ကုန်များရောင်းချပေး
Dec 14,2023
နေပြည်တော် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံး နိုင်ရေးအတွက် ကြက်သား၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥနှင့် ဟင်းသီးဟင်းရွက်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းတွင် ရုံးအမှတ် ၂၃ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ရောင်းချပေးခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအောင်ခိုင်ဆွေ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ (၃/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Dec 14,2023
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်များကို အရှိန်အဟုန်မပျက် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ (၃/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအောင်ခိုင်ဆွေ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ (၈) ခုမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်သည်။
လဲချားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကာယစွမ်းရည်ပြိုင်ပွဲကျင်းပ
Dec 14,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ယနေ့နံနက် ၉ နာရီအချိန်က ကာယစွမ်းရည်ပြိုင်ပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ် အ.ထ.က (၁၀) ၌ ကျောင်းသား လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 14,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူတော်လူကောင်းများ ဖြစ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ်ပိုင်းက အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ကလောမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသ
Dec 14,2023
ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်မားစေရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီခွဲက အောင်ပန်းမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့၌ ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းဆောင်ရွက်
Dec 13,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းမှ ကျောင်းသား၊ ‌ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့၊ အ.ထ.က(ဘီးလင်း)ကျောင်း၌ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ကော့သောင်းမြို့တွင် တိုင်းရင်းဆေးပညာအကြာင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Dec 13,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးပညာအကြာင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခန့်က ပိတောက်ရွှေဝါရပ်ကွက်ရှိ နဝရတ်အား ကစားခန်းမတွင် ပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ အ.ထ.က (ခွဲ) အ.လ.က-၂ ကျောင်းမှ ကျောင်းသား၊သူများ တက်ရောက်ခဲ့ကြသည်။