လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ခရစ္စမတ်ဆုတောင်းဝတ်ပြုပွဲပြုလုပ်
Dec 15,2023
ခရစ်သက္ကရာဇ် (၂၀၂၃) ခုနှစ်၊ ဒီဇင်ဘာလ(၂၅) ရက်နေ့တွင် ကျရောက်မည့် ခရစ္စမတ်ပွဲတော်အကြို ဆုတောင်းဝတ်ပြုပွဲကို ကရင်ပြည် နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ကျင်းပရာ သိက္ခာတော်ရဘုန်းတော်ကြီး Rev,Fr. မာတင်ဝင်းဦး၏ အဖွင့်ဆုတောင်းပေးခြင်းဖြင့် စတင်ခဲ့ကြောင်း သိရသည်။