ကျွန်းစုမြို့တွင် အိမ်ထောင်စုအချက်အလက်များအား e-ID စနစ်အတွင်း ​ဖြည့်သွင်းဆောင်ရွက်

ကျွန်းစု ဒီဇင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးမှူးရုံးမှ အိမ်ထောင်စုအချက်အလက်များအား e-ID စနစ်အတွင်း ဖြည့်သွင်းခြင်းကို ဒီဇင်ဘာလ(၆)ရက်နေ့မှ စတင်၍ ပြည်သူ့ဝန်ဆောင်မှုရုံး၌ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျွန်းစုမြို့နယ်တွင် နိုင်ငံသား Server အတွင်းမှ (၆၇၃၁၄)ဦးသည် အိမ်ထောင်စု Server အတွင်း ပါဝင်မှု မရှိသည့်အတွက် ၎င်းနံပါတ်များအား အမှုတွဲတစ်ခုချင်းအလိုက် ယခင်နေထိုင်ခဲ့သော ကျွန်းစုမြို့နယ်အတွင်းရှိ နေထိုင်ခဲ့ရာ လိပ်စာများအား ရှာဖွေပြီး ရုံးလက်ခံ အိမ်ထောင်စု လူဦးရေ စာရင်းဖြင့် စစ်ဆေးအတည်ပြု၍ အိမ်ထောင်စု Server အတွင်း ပြန်လည်ရိုက်သွင်းလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးဇော်ဝင်းအောင် ကြီးကြပ်မှုဖြင့်  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများက အိမ်ထောင်စု Server အတွင်း ပါဝင်မှုမရှိသည့် (၆၇၃၁၄)ဦးနံပါတ်များအား အမှုတွဲတစ်ခုချင်းအလိုက် ယခင်နေထိုင်ခဲ့သော ကျွန်းစုမြို့နယ်အတွင်းရှိ နေထိုင်ခဲ့ရာ လိပ်စာများအား ရှာဖွေပြီး ရုံးလက်ခံ အိမ်ထောင်စု လူဦးရေစာရင်းဖြင့် စစ်ဆေးအတည်ပြု၍ အိမ်ထောင်စု Server အတွင်း ပြန်လည်ရိုက်သွင်းလျက်ရှိကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)