(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်(ခရိုင်အဆင့်) ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ဒဂုံ ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်(ခရိုင်အဆင့်)ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပန်းဘဲတန်းမြို့နယ် ပညာရေးမှူးဦးလှနီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒဂုံ အ.ထ.က(၁)၊ လသာ အ.ထ.က(၂)၊ လမ်းမတော် အ.ထ.က(၁)တို့မှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူလေးများက "လွတ်လပ်သည့် မြန်မာပြည် ခေတ်မီဖွံဖြိုးတိုးတက်ဖို့ ကြိုးပမ်းစို့"ခေါင်းစဥ်ဖြင့် အသီးသီး အလှည့်ကျ မဲနှိုက်၍ ယှဥ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲဝင်များကို အမှားအယွင်းမရှိစေရန် ဒိုင်များအဖြစ် ကျောက်တံတားခရိုင် လက်ထောက်ညွှန်ကြားရေးမှုးနှင့် မြို့နယ်ပညာရေးမှုး (၂)ဦးတို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ အခမ်းအနားအပြီးတွင် ကျောက်တံတားခရိုင် ပညာရေးမှုး ဒေါ်မာလာရီက မုဒိတာစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

မြို့နယ်(ပြန်/ဆက်)