ကလေး ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့် သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန (Community Centre) ၌ စာရေး ဆရာ မောင်မင်းစိုး ရေးသားသည့် လူငယ်နှင့် အပြောင်းအလဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးတွာလ်ဆွင်းဗန်က စာဖတ်ဝိုင်း ကျင်းပခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး ဒေါ်ဝေမာချိုက လူငယ်နှင့် အပြောင်းအလဲ စာအုပ်မှ လူငယ်နှင့်ပရဟိတစိတ်၊ ပြောင်းလဲခြင်း နိယာမ၊ အောင်မြင်သူတို့၏ လမ်းကြောင်း စသည့်အကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေး ခဲ့ပြီး တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး စာဖတ်ဝိုင်းများအပြင် ဌာဆိုင်ရာမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲများ၊ လူငယ်များအတွက် ကာယဉာဏ စွမ်းရည်မြှင့်ပြိုင်ပွဲများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)