လှိုင်းဘွဲမြို့နယ် နောင်သငဲ့ကျေးရွာတွင် တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Dec 15,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် တိုင်းရာသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တိုင်းရင်းသားလူမျိုးများအနေဖြင့် ရရှိရထိုက်သောအခွင့်အရေးများကို ရရှိစေရန်အတွက် တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ အသက်မွေးဝမ်းကျောင်းလိုအပ်ချက်များဆန်းစစ်ခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က နောင်သငဲ့ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။