ကျိုက်မရောမြို့ မြို့မစျေးကြီး၌ မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ် ပြသ
Dec 15,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မစျေးကြီးနှင့် ရန်မျိုးအောင်စျေး မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လျင်မြန်တုံပြန်ဆောင်ရွက်နိုင်ရန် ရည်ရွည်၍ မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့မစျေးကြီးရှေ့၌ ဆောင်ရွက်ခဲ့သည်။