သတင်းများ

နမ့်စန်တွင် လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း မြို့နယ်အဆင့် အသိပေးညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
Dec 15,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြန်မာနိုင်ငံကြက်‌ခြေနီအသင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အမျိုးသားငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း မြို့နယ်အဆင့်အသိပေးညှိနှိုင်းဆွေးနွေးပွဲ (Township Coordination Meeting )ကို မြို့နယ်ပြည်သူ့ဆေးရုံ ၂ထပ်ဆောင်ရှိ အစည်းအဝေးခန်းမတွင် ယနေ့နေ့လယ် ၁နာရီခွဲက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ ကစိုကျေးရွာ၌ (၂၅)ကြိမ်မြောက် ငွေရတု ကရင်နှစ်ကူးနေ့အထိမ်းအမှတ် အမျိုးသားဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနား ကျင်းပ
Dec 15,2023
၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊‌‌ ကစိုကျေးရွာအုပ်စု၊ ကစိုကျေးရွာ၌ (၂၅) ကြိမ်မြောက် ငွေရတုကရင်နှစ်ကူးနေ့အထိမ်းအမှတ် အမျိုးသားဖိတ်ခေါ် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းနားကို ယနေ့နံနက်ပိုင်းက ကစိုကျေးရွာဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Dec 15,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းဖြင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မွေကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တာဝန်ရှိသူများသည် ကော့သောင်းခရိုင်အတွင်းရှိ FOB ကြီးကြပ်ရေးအဖွဲ့၊ ငါးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Dec 15,2023
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တာဝန်ရှိသူများသည် ကော့သောင်းခရိုင်အတွင်းရှိ FOBကြီးကြပ်ရေးအဖွဲ့၊ငါးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကော့သောင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တာဝန်ရှိသူများသည် ကော့သောင်းခရိုင်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာနှင့် အချိန်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 15,2023
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တာဝန်ရှိသူများသည် ကော့သောင်းခရိုင်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာနှင့် အချိန်မီပြီးစီးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ အချိန်က ကော့သောင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပုလောမြို့နယ်ရုံးမှ ဝန်ထမ်းများ နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး
Dec 15,2023
သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်း မရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကိုလေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန် တိုးတက်လာစေရေးကို မျှော်တွေး၍  ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ဌာနဆိုင်ရာ ရုံးများနှင့် ဝန်ထမ်း မိသားစုများကို သွားရောက်၍ သုတ/ရသစာအုပ်စာစောင်များကို နယ်လှည့် ကွင်းဆင်း၍ ကွင်းဆင်း ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား စည်ကာသိုက်မြိုက်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Dec 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ(၃)နာရီက ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကင်းတောင်(အ.မ.က)ကျောင်း၌ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Dec 15,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် နံရံကပ် စာစောင်နှင့် ဟောပြောပွဲများ ပြိုင်ပွဲများ ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကင်းတောင်(အ.မ.က)ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။