လှိုင်းဘွဲ ဒီဇင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများအနေဖြင့် တန်ဆောင်မုန်းလအတွင်း ကုသိုလ်တရားများရရှိစေရန် စေတနာရှင်များက မိမိရပ်ကွက်အတွင်းတွင် စတုဒိသာများကျွေးမွေးဧည့်ခံကြရာ ယမန်နေ့ညနေ(၃)နာရီအချိန်က လှိုင်းဘွဲမြို့(က)ရပ်ကွက်၊ ဘားအံလမ်းရှိ လှိုင်းဘွဲ-ဘားအံကားဂိတ်၌ ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သိရသည်။
အဆိုပါစတုဒိသာကျွေးမွေးဧည့်ခံခြင်းကို လှိုင်းဘွဲမြို့နယ် လူမှုကယ်ဆယ်ရေးအသင်းမှ ဦးဆောင်၍ (က)ရပ်ကွက်အတွင်းရှိ စေတနာရှင်များ၊ အလှူရှင်များနှင့်လူငယ်အဖွဲ့များက လူမျိုးဘာသာမရွေးစားသုံးနိုင်ရန်အတွက် ထမင်း၊ သီးစုံပဲကုလားဟင်း၊ ငါးခြောက်ကြော်၊ ခရမ်းချဉ်သီးငါးပိကြော်နှင့် တို့စရာအမယ်မျိုးစုံတို့ကို နေ့လယ်(၃)နာရီအချိန်မှစတင်ကာ ညနေ(၇)နာရီအချိန်အထိ ကျွေးမွေးဧည့်ခံခဲ့ပြီး ပြည်သူများကစည်ကားသိုက်မြိုက်စွာ လာရောက်စားသုံးခဲ့ကြကြောင်း သိရှိရသည်။
စောဖိုးခွါး(ပြန်/ဆက်)