ခရိုင်အဆင့် သဘာဝဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ညောင်ဦး ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ခရိုင်အဆင့်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ညောင်ဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ခရိုင်အဆင့် သဘာဝဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး  သဘာဝဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဖြူသွဲ့သွဲ့အောင်က ခရိုင်အဆင့် သဘာဝဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ခရိုင်အဆင့် သဘာဝဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲသို့ ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်/မြို့နယ်မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း