သုတဓမ္မဒီပလိုမာ Level (2,3) စာမေးပွဲ ဧရာဝတီစာဖြေဌာန (၁) ကျောင်းကုန်းမြို့၌ ဖြေဆို

ကျောင်းကုန်း ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ဒက္ခိဏာရာမ (ရွှေကျင်) ပရိယတ္တိစာသင်တိုက် မျက်ရှင်တော်ပြည်လုံးချမ်းသာ ဘုရားကြီးဝန်း အတွင်းရှိ ဓမ္မသဟာယမဉ္ဇရီဗိမာန်တွင် ပညာဘူမိ တက္ကသိုလ်မှ ဦးစီးကျင်းပသော သုတဓမ္မ ဒီပလိုမာ Level(2,3) စာမေးပွဲ ဧရာဝတီ စာဖြေဌာန(၁) ဖြေဆိုမှုကို ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်ကစတင်ဖြေဆိုခဲ့ကြသည်။

အဆိုပါ ဧရာဝတီစာဖြေဌာန(၁) သုတဓမ္မဒီပလိုမာ Level(3) စာမေးပွဲသို့ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီး(၈)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ Level(2) စာမေးပွဲသို့ ရဟန်း(၁)ပါး၊ အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၂၂)ဦး၊ စုစုပေါင်း(၂၆)ဦး ဝင်ရောက် ဖြေဆိုခဲ့ကြရာ ဒက္ခိဏာရာမ(ရွှေကျင်) ပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တနန္ဒာစရိယ ဦးဆောင်သော သံဃာတော်များ ကြီးကြပ်လျက် မေးခွန်း (၁)ပုဒ်လျှင် (၁၀) မှတ်စီဖြင့် မေးခွန်း (၁၀)ပုဒ်အား ဖြေဆိုချိန် (၃)နာရီပေးထားရာ ညနေ ၄ နာရီအချိန်ထိ ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)