သာပေါင်း ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးခန်း၌ ကျင်းပခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဝင်များနှင့် အစည်းအဝေးပြုလုပ်၍ မိုးစပါး ရိတ်သိမ်းပြီးစီးမှု၊ နွေစပါး စိုက်ပျိုးပြီးစီးမှု၊ သစ်စိမ်းမြေသြဇာ (၂၃၀၀)ဧက စိုက်ပျိုးပြီးစီးမှုအပေါ် စိုက်ပျိုးဖြစ်ထွန်းမှု၊ ဆောင်းနေကြာ (၂၅၂၆)ဧက စိုက်ပျိုးပြီးစီးမှု၊ (၈၆)ဘီလီယံ မိုးစပါး ဝယ်၊ ကြိတ်အဖွဲ့သို့ ပေးသွင်းပြီးစီးမှု၊ (၈၆)ဘီလီယံ နွေစပါး (၅၀%) အာမခံတင်ပြမှု၊ ကြည့်ရှုမည့် သစ်စိမ်းမြေသြဇာ၊ နေကြာနေရာများ မြေပုံ၊ ကွင်းအမှတ်၊ ဦးပိုင်အမှတ်၊ ဧက၊ တောင်သူစာရင်းဖြင့်တင်ပြမှုတို့အား ဆောင်ရွက်ရန်တို့ကိုမှာကြားကာ လုပ်ငန်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်