ဝမ်းတွင်းမြို့နယ်၌ “လူငယ်ရေးရာအသိပညာပေး  ဟောပြောပွဲ” ကျင်းပ

ဝမ်းတွင်း ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ “လူငယ်ရေးရာအသိပညာပေး” ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သဲတော)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာဇာအောင် ကအဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက “လူငယ်ရေးရာအသိပညာပေး” ဟောပြောပွဲကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဦးသိန်းမြင့် (ရုပ်သံကျွမ်းကျင်-၃)က “လူငယ်ရေးရာအသိပညာပေး” ဟောပြောရာတွင် လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးစသည့်ခေါင်းစဥ်များဖြင့် ဗဟုသုတရဖွယ် အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါ “လူငယ်ရေးရာအသိပညာပေး” ဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက် တန်းကျောင်း(သဲတော)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကာ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲများကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)