သတင်းများ

လဲချားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ
Dec 18,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၉ နာရီအချိန်က ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့သို့ ရောက်ရှိနေသော ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ယာယီနေရပ်စွန့်ခွာလာသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Dec 18,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လားရှိုးမြို့သို့ ရောက်ရှိစဉ် ထောက်ပံ့ပေးအပ်ခဲ့သည့် စားသောက်ဖွယ်ရာများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ၊ ခရိုင်၊ မြို့နယ်များမှ လားရှိုးမြို့ပေါ်သို့ ယာယီနေရပ်စွန့်ခွာလာသည့် ဌာနဆိုင်ရာဝန်ထမ်းများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကျုံ‌ပျော်ခရိုင်၌ ပြုလုပ်သည့် (MSMEs) ဒေသထွက်ကုန်ပစ္စည်းများ ပြပွဲအားတက်ရောက် ကြည့်ရှုအားပေး၊ ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တောင်သူများနှင့် တွေ့ဆုံ
Dec 18,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက ကျုံ‌ပျော်ခရိုင်၌ ပြုလုပ်သည့် (MSMEs) ဒေသထွက်ကုန်ပစ္စည်းများပြပွဲအား တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ် အားကစားခန်းမတွင် ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ကျောက်ဆည်မြို့နယ် မြောင်းဦးကျေးရွာတောင်သူဦးသိန်းလွင်စိုက်ပျိုးထားသော ဧရာမင်းမိုးစပါး တစ်ဧက(၇၅)တင်းထွက်ရှိ
Dec 18,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသည့် ဧရာမင်း၊ မနော်သုခ၊ ရွှေမနော်၊ ဆင်းသုခ စပါးမျိုး အဓိထားစိုက်ပျိုးကြကြောင်းနှင့် မြောင်းဦးကျေးရွာ ကွင်းအမှတ်(၁၈၃)၊ ဦးပိုင်အမှတ်(၇၁) တောင်သူ ဦးသိန်းလွင်စိုက်ပျိုးထားသော ဧရာမင်းစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး တစ်ဧက(၇၅)တင်း ထွက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် မြို့နယ်သံဃာ့နာယက ဝိနည်းဓုရ်ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Dec 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ကွမ်းခြံကုန်းကျောင်းတိုက်တွင် ယမန်နေ့နံနက် ၇ နာရီအချိန်မစ၍ မြို့နယ်သံဃာ့နာယက ဝိနည်းဓိုရ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ Online မှတစ်ဆင့် လိမ်လည်ဖြားယောင်းမှုများနှင့် စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲကျင်းပ
Dec 18,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများ၊ Online သုံးစွဲသူများ လုံခြုံမှုရှိစေရေး သတိပေးချက်များကို အလေးထားလိုက်နာကြရန်လိုကြောင်း အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် လိမ်လည်ဖြားယောင်းမှုများနှင့် စပ်လျဉ်းပြီး အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များတွင် မိုးစပါးစံကွက်ရိတ်သိမ်းနေမှု၊ လယ်သီးထပ်တွင် ကုလားပဲသီးထပ်စိုက်ပျိုးနေမှု၊ ဝါစိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုနှင့် ဥစားဘဲ မွေးမြူထားမှုအခြေအနေများအား ကြည့်ရှုကာ ဒေသခံတောင်သူ
Dec 18,2023
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ရဲမှူးကြီးလင်းထွဋ်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာတဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်များတွင် မိုးစပါးစံကွက်ရိတ်သိမ်းနေမှု၊ လယ်သီးထပ်တွင် ကုလားပဲသီးထပ်စိုက်ပျိုးနေမှု၊ ဝါစိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများနှင့် ဥစားဘဲ မွေးမြူထားမှုအခြေအနေများကို ကြည့်ရှုကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။
သာပေါင်းမြို့နယ်၊ အောင်တပ် ကျေးရွာအုပ်စုတွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ လိုင်းအလိုက် Strip Cropping သီးနှံစုံ စိုက်ပျိုးပွဲ ကျင်းပ
Dec 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အောင်တပ်ကျေးရွာအုပ်စုတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်က လိုင်းအလိုက် Strip Cropping သီးနှံစုံစိုက်ပျိုးပွဲ ကျင်းပ ပြုလုပ်ခဲ့ကြသည်။