သတင်းများ

ငါန်းဇွန်မြို့နယ်တွင် ဆီကုန်သည်ကြီးများအသင်းမှ ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချ
Jun 08,2026
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ဇွန် ၇ ရက် နံနက် ၈ နာရီမှစတင်၍  ညနေ ၄ နာရီထိ  မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီ၏  စီမံကွပ်ကဲမှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင် ကြီးများအသင်းမှ မြို့ပေါ်လေးရပ်ကွက်ရှိ  အိမ်ထောင်စုဝင်ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ တစ်ပိဿာ ကျပ် ၈၈၀၀နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။      
ကလိန်အောင်မြို့တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုး 
Jun 08,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်‌စေရေးအတွက်ရည်ရွယ်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့  နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Jun 08,2026
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးမျိုးမြင့်အောင်သည် အတွင်းရေးမှူး ဦးချိုထွန်းအောင်၊ တွဲဖက်အတွင်းရေးမှူး ဦးကျော်မင်းနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ လိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဟုမ္မလင်းမြို့နယ် မောင်းခမ်းစံပြကျေးရွာ၌ ကျန်မာရေးဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ပြည်သူများကို ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်
Jun 08,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းရိုင်၊ ဟုမ္မလင်းမြို့နယ် မောင်းခမ်းစံပြကျေးရွာ၌ ကျန်းမာရေးဝန်ကြီးဌာန၏ (၁၀၀)စီမံချက်ကာလအတွင်း ဟုမ္မလင်းကုတင်(၁၀၀) ဆံ့ဆေးရုံ၊​ဆေးရုံအုပ်ကြီး ဒေါက်တာနေဝင်းထွန်း၊ ဦး​ဆောင်ပြီးထူးကုဆရာဝန်များနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ ဇွန်လ ၇ ရက် နံနက် ၈ နာရီ အချိန်တွင် မောင်းခမ်းတိုက်နယ်ဆေးရုံ၌ အခမဲ့ဆေးကုသကွင်းဆင်းဆောင်ရွက်​ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားနှစ်ယောက်တွဲ(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့် 
Jun 08,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့်ကျင်းပသည့် ရပ်ကွက်/ကျေးရွာပေါင်းစုံ အားကစားနှင့် ကာယပညာကော်မတီဥက္ကဌဖလား အမျိုးသားနှစ်ယောက်တွဲ(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက သရက်ချောင်းမြို့နယ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးသစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းမြေမြှုပ်ပွဲကျင်းပ
Jun 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းမြေမြှုပ်ပွဲကို ယနေ့နံနက်(၉) နာရီအချိန်က ဝဲဒေါင့်ကျေးရွာတွင်ကျင်းပ ဆောင်ရွက်ခဲ့သည်။
ကျိုက်လတ်မြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ပညာသင်ကြားနေမှုအား တာဝန်ရှိသူများ လိုက်လံကြည့်ရှု အားပေး
Jun 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်   မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
နမ့်စန်မြို့နယ် မိုင်းစိတ်ကျေးရွာတွင် သွင်းအားစု မျိုး၊ မြေဩဇာများ ထောက်ပံ့ပေးအပ်
Jun 08,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာတွင် အသင်းပိုင်ငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် မိုင်းစိတ်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းရှိ အသင်းသားတောင်သူများအတွက် သွင်းအားစု၊ မျိုးနှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ အသင်းဥက္ကဋ္ဌ နေအိမ်တွင် ဆောင်ရွက်ခဲ့သည်။