သထုံမြို့နယ်၌ လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းဖွင့်လှစ်

သထုံ ဇွန် ၈

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သည့် လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းကို ယနေ့နံနက်ပိုင်းက သထုံခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးနှင့် မြို့နယ်ကျန်းမာရေးမှူး ဦးစိုးအောင်တို့က မိမိတို့ရပ်ရွာ၌ အရေး‌ပေါ်ကျန်းမာရေးပြဿနာများ ကြုံတွေ့လာရသည့်အခါ၌ ကိုယ်တိုင်စောင့်ရှောက်နိုင်ပြီး ရပ်ရွာနေပြည်သူတို့၏ အားကိုးရသူများဖြစ်လာရန် ရည်ရွယ်ကာ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း လူထုကျန်းမာရေး လုပ်သားများအနေဖြင့် ပို့ချပေးသည့် ပညာရပ်ဖြင့် လက်တွေ့နယ်ပယ်တွင် အကျိုးရှိ ထိရောက်စွာ ပြန်လည်အသုံးချစေလိုကြောင်း အမှာစကားများပြောကြားသည်။

အဆိုပါသင်တန်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ စေတနာ့ကျန်းမာရေးဝန်ထမ်း သင်တန်းသားဦးရေ ၈၁ ဦးတို့အား နှစ်သုတ်ခွဲ၍ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယနေ့စတင်ဖွင့်လှစ်သည့် ပထမအသုတ်သင်တန်းတွင် သင်တန်းသား ၃၅ ဦးတို့အား ဇွန်လ ၈ ရက်မှ ၁၉ ရက်နေ့အထိ လူထုကျန်းမာရေးဆိုင်ရာ ပညာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)