လက်ပံတန်း ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် လူမှုဖူလုံရေး အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား (အခမဲ့) ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက လူမှုဖူလုံရေးရုံး၌ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါဆေးကုသခြင်းကို လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) အစီအစဉ်ဖြင့် မြို့နယ်လူမှုဖူလုံရေးရုံးနှင့် တော်ဝင်နဂါး ရောဂါရှာဖွေရေး (ဓာတ်ခွဲခန်း) တို့ ပူးပေါင်းပြီး လက်ပံတန်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် (အခမဲ့) ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လက်ပံတန်းမြို့နယ် လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် လိုအပ်သောဆေးဝါးကုသမှုများ၊ ဓာတ်ခွဲစစ်ဆေးမှုများ၊ နှလုံးအတွက် ECG စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)