သတင်းများ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အဋ္ဌမအကြိမ်မြောက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး
Aug 11,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အဋ္ဌမအကြိမ်မြောက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ဩဂုတ် ၉ ရက်နံနက်ပိုင်းက အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မီးသတ်စခန်းအနီး၊ ညောင်တုန်းလမ်းတစ်လျှောက်တွင် စိုက်ပျိုးခဲ့သည်။
အိမ်မဲမြို့နယ် အ-မ-က(ကျုံခရီပိုင်း)တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် ဆေးကုသပေး
Aug 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ထိန်ငူကျေးရွာ အ-မ-က (ကျုံခရီပိုင်း) ကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ တိုင်းရင်းဆေးကုဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ ရောနှောကြဲပက်နေမှုကို ကြည့်ရှုအားပေး
Aug 11,2025
တနင်္သာရီတိုင်းဒေသကြီး၊စိုက်ပျိုးရေးဦးစီးဌာန၊ထားဝယ်ခရိုင်အတွင်းရှိ အကျိုးဆောင်တောင်သူများအား သဘာဝမြေဩဇာပေးအပ်ခြင်းနှင့် ထားဝယ်မြို့နယ်၊အမှတ်(၄)အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ မိုးစပါးစိုက်ခင်းတွင် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိန်ကိုက်၊ အချိုးကျရောနှောကြဲပက်ခြင်း အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
တောင်ငူမြို့၊ ရွှေဆံတော်မရမ်းကျောင်းတိုက်၊ စာရိတ္တဓမ္မကျောင်း၌ ပဉ္စမအကြိမ်မြောက်ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆင့်ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Aug 11,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရွှေဆံတော်မရမ်းကျောင်းတိုက်၊ စာရိတ္တဓမ္မကျောင်း၌ ပဉ္စမအကြိမ်ကေတုမတီဗုဒ္ဓဝင်ပူဇော်ပွဲ၊ ယဥ်ကျေးမှု၊ ယဥ်ကျေးမှုစာ မေးပွဲနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတို့၌ ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများအား ထပ်ဆင့်ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က သာသနဝိဟာရီသုံးထပ်ကျောင်းတော်ကြီး၌ ကျင်းပခဲ့သည်။
မိတ္ထီလာမြို့နယ် တုန်းအိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်(ခွဲ)တွင် လူငယ်စကားဝိုင်းကျင်းပ
Aug 11,2025
မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့နယ် တုန်းအိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်စာရေးဆရာ အသင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို သြဂုတ် ၁၁ ရက် နံနက် ၉နာရီက ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ထားဝယ်မြို့ အထက(၄)၌ ကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး နှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့တက်ရောက်
Aug 11,2025
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှု နိုင်ရန်၊ စာပေ လေ့လာ ဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်” ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
ဒလမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်
Aug 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှု‌လေ့လာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့်အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်ဟောပြောပွဲကို ယနေ့နံနက်(၉:၃၀) အချိန်က ရေတံခါးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းနှင့် ရှမ်းဂံကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဂန့်ဂေါ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော
Aug 11,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်‌ ၉ နာရီအချိန်က မြောက်ကုန်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း (တပ်တွင်း)၌ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပခဲ့ကြောင်း သိရသည်။ ဟောပြောပွဲတွင် အခြေခံပညာမူလတန်းကျောင်း(တပ်တွင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမေက အမှာစကားပြောကြားပြီး ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက ကလေးအုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများနှင့် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်အကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်း ဟောပြောသည်။