ဒိုက်ဦးမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ဒိုက်ဦး ဇွန် ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ညနေပိုင်းက မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်သူဝင်းက မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိ ရသည်။

ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ် ဆရာ/ဆရာမများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ စုစုပေါင်းအင်အား (၁၅၀) ဦးခန့်နှင့်တွေ့ဆုံ၍ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခဲ့ပြီး ဆရာ/ဆရာမများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် မိဘပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား မှုခင်းကျဆင်းရေး အသိပညာပေး ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စိုးထက်ကျော်(ပြန်/ဆက်)