ထန်းတပင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား မျက်စိကျန်းမာရေးစစ်ဆေးပေး

ထန်းတပင်(ပဲခူး) ဇွန် ၈

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အောင်သုခရပ်ကွက် အခြေခံပညာမူလတန်းလွန် (သခင်မြ) စာသင်ကျောင်းတွင် ရက် (၁၀၀) စီမံ ချက်ဖြင့် ကျောင်းသား ကျောင်းသူများအား မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ဆရာမများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များပူးပေါင်း၍  အခြေခံပညာမူလတန်းလွန် (သခင်မြ) စာသင်ကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်   တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများအား အမြင်အာရုံအားနည်ခြင်းနှင့် လွှဲပြောင်းညွှန်ပို့ခြင်းဆိုင်ရာများကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)