မေတ္တာမြို့၊ လူထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများဆောင်ရွက်
Dec 18,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်များအနေဖြင့် ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်စေရန်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အသက်သွေးချွေး စတေးကာရယူပေးခဲ့သည့် လွတ်လပ်ရေးကို အစဉ်အမြဲတန်ဖိုးထားတတ်စေရန်အတွက် ရည်ရွယ်၍ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများပြုလုပ်ပေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။