ဟိုင်းကြီးကျွန်း ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မြတ်မော်တင်ဘုရားပွဲတော် ကျင်းပနိုင်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူးဦးကောင်းစံနှင့် မြို့အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀း၀၀)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ မြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြပြီး မဟာမကုဋရံသီ မြတ်မော်တင်စွန်း စေတီတော်ကြီး ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင်ရေးအတွက် အခမ်းအနားအစီအစဥ်များ၊ ကြိုတင်စီစဥ်ဆောင်ရွက် ထားရမည့် လုပ်ငန်းများနှင့် ဌာနဆိုင်ရာတစ်ခုချင်းအလိုက် တာဝန်ခွဲဝေချထားမှုများကို ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး နေ့လယ်(၁၂း၃၀)နာရီအချိန်တွင် အစည်းအဝေးပြီးဆုံးခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)