ပဲခူးသားဖွားသင်တန်းကျောင်း ဒုတိယအကြိမ်မြောက် သစ်လွင်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားနှင့် သတ္တမအကြိမ်မြောက် ဘက်စုံသားဖွား အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနား ကျင်းပ

ပဲခူး     ဒီဇင်ဘာ ၁၈

ပဲခူးမြို့၊ သားဖွားသင်တန်းကျောင်း ဒုတိယအကြိမ်မြောက် သစ်လွင်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားနှင့် သတ္တမအကြိမ်မြောက် ဘက်စုံသားဖွား အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးအောင်ဝင်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သင်တန်းဆင်းသစ်လွင်(၁၂)ဦးဖြစ်ကြောင်း၊ သင်တန်းစတင်ဖွင့်လှစ်ခဲ့သည့် ၁၉၆၀ ခုနှစ်မှ ၂၀၂၃ ခုနှစ် ယနေ့ထိ လက်မှတ်ရသားဖွားဆရာမ(၉၀၉)ဦးနှင့် ဒီပလိုမာလက်မှတ်ရသင်တန်းသူ(၂၄၅)ဦး စုစုပေါင်းသင်တန်းပြီးမြောက် အောင်မြင်သူ(၁၁၅၄)ဦးရှိကြောင်း၊ မိမိတို့သင်ကြားတက်မြောက်ထားသည့် မိခင်နှင့်ကလေးပြုစုစောင့်ရှောက်မှု အတက်ပညာတွေသာမက မေတ္တာ၊ စေတနာ၊ ဝါသနာ၊ ဂရုဏာ၊ အနစ်နာ၊ ကိုယ်ချင်းစာနာမှုများကို ရှေ့တန်းတင်ဆောင်ရွက်မှသာ သားဖွားဆရာမများ၏ စေတနာပိုမိုပေါ်လွင်မည်ဖြစ်ပြီး ပြည်သူလူထု၏ အားကိုးယုံကြည်လက်ခံမှုကိုရရှိကာ နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများလည်း တိုးတက်ကောင်းမွန်လာမှာဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၁၂)ရပ်ထဲတွင် လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သည့် နိုင်ငံ၏အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာစေရန်အတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်ရာမှာ သားဖွားဆရာမများ၏ အခန်းကဏ္ဍတွေဟာ အင်မတန်မှ အရေးပါလှပါကြောင်းပြောကြားသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီဟက သစ်လွင်သားဖွားခန့်အပ်လွှာများပေးအပ်ပြီး သစ်လွင်သားဖွားများကိုယ်စား သင်တန်းဆင်းကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်း သိရသည်။

ကိုတွတ်(ပြန်/ဆက်)