သတင်းများ

တပ်ကုန်းမြို့၌ ကား၊ မော်တော်ဆိုင်ကယ်စုစုပေါင်း ၆၇ စီးအား ရှောင်တစ်ခင်စစ်ဆေးမှု ဆောင်ရွက်
Dec 18,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာစေရန်၊ ရှောင်တစ်ခင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက တပ်ကုန်း​မြို့အဝင် ရန်ကုန်-မန္တလေး ကားလမ်းတွင် ကား ၂၈ စီး၊ မော်တော်ဆိုင်ကယ် ၃၉ စီးအား ရှောင်တခင်စစ်ဆေးမှု ဆောင်ရွက်ခဲ့သည်။
မိုးနဲမြို့နယ်၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမနေရာ၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့နယ်တွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများနှင့် အခြားကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုမှု (VBD) သင်တန်းဖွင့်လှစ်
Dec 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၊ ပြည်သူ့ဆေးရုံတွင်ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများနှင့် အခြားကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုမှု (VBD) သင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
မက်မန်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသားအလွတ်တန်း(ဖူဆယ်)ဘောလုံးအားကစားပြိုင်ပွဲနှင့် ကွင်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြု့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသားအလွတ်တန်း(ဖူဆယ်) ဘောလုံးအားကစားပြိုင်ပွဲနှင့် ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မက်မန်းမြို့၊ မြို့မအားကစားကွင်း၌  ကျင်းပခဲ့သည်။
ပင်လုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်
Dec 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က ပင်လုံမြို့ မြို့နယ်တိုင်းရင်းဆေးကုဌာနသို့ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရွေ့လျားမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Dec 18,2023
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတစ်ရပ်အဖြစ် စာငှားဝန်ဆောင်မှုများကို စာကြည့်တိုက်တွင် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရွေ့လျားမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များသွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ချောက်မြို့မ​စျေး၌ ပလတ်စတစ်​လျှော့ချ​ရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိရေး ကွင်းဆင်းစစ်​ဆေး​ဆောင်ရွက်
Dec 18,2023
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့မ​စျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ ​အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ချောက်မြို့မ​စျေးတွင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုးသုံးစွဲ​စေ​ရေး၊ အစားအသောက်ကုန် အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သည့် ပစ္စည်းများအား ဝယ်ယူသုံးစွဲတတ်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အ.ထ.က မိုင်းနောင် ကျောင်းသား၊ ကျောင်းသူများအား ပြင်ပစာပေများ ဖတ်ရှုလေ့လာနိုင်ရန် နယ်လှည့်စာ​ကြည့်တိုက် သွားရောက်ဆောင်ရွက်
Dec 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် အခြေခံပညာအထက်တန်းကျောင်းသို့ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် နယ်လှည့်စာကြည့်တိုက်ကို ယနေ့ နံနက် (၁၀) နာရီအချိန်က သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။