ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်းကျေးရွာ၌ ဆောင်းသီးနှံနေကြာမျိုးစေ့ ပေးအပ်ပွဲနှင့် မျိုးစေ့ချ စိုက်ပျိုးပွဲအခမ်းအနား ကျင်းပပြုလုပ်

ဟိုင်းကြီးကျွန်း ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်းကျေးရွာ၌ ဆောင်းသီးနှံ နေကြာမျိုးစေ့ပေးအပ်ပွဲနှင့် မျိုးစေ့ချစိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၀၈း၃၀)နာရီ အချိန်က ကညင်ချောင်းကျေးရွာ၊ တောင်သူ ဒေါ်ငွေကြည်၊ ကွင်းအမှတ် (၁၈၆၈/က) ဦးပိုင်အမှတ် (၈၅/၁) ဧရိယာ (၁.၅)ဧက၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဟိုင်းကြီးကျွန်းမြို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်စွာထွန်းက တောင်သူများအား နေကြာစိုက်ပျိုးရာမှာ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ် မှန်ကန်ရေး၊ ဓာတ်မြေဩဇာ အချိုးကျသုံးစွဲရေး၊ လယ်ရိတ်သိမ်းပြီး သီးထပ်စိုက်ပျိုးခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားပြီး တောင်သူများ၏ လက်ဝယ်သို့ ဆောင်းသီးနှံ နေကြာမျိုးစေ့များအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် မြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် ကညင်ချောင်းကျေးရွာအုပ်စု၊ကညင်ချောင်းကျေးရွာ၊ တောင်သူ ဒေါ်ငွေကြည်၊ ကွင်းအမှတ် (၁၈၆၈/က) ဦးပိုင်အမှတ် (၈၅/၁) ဧရိယာ (၁.၅)ဧကပေါ်တွင် ဆောင်းသီးနှံ နေကြာမျိုးစေ့များအား လက်တွေ့စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)