ချောင်းဆုံ ဒီဇင်ဘာ ၁၈
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသား/သူများ မျိုးချစ်စိတ်ဓါတ်များ ထက်သန်လာစေရန်အတွက် အခြေခံပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် ကဗျာ၊ စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ကွမ်လှာ(အ.ထ.က-ခွဲ) ကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာ (ထက်၊ လယ်၊ မူ)ကျောင်း (၁၁၁)ကျောင်းမှ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲအား ကျောင်းသား/သူ (၄၅ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကျပန်းစကားပြောပြိုင်ပွဲအား ကျောင်းသား/သူ (၁၅) ဦး စုစုပေါင်း ကျောင်းသား/သူ (၆၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)